Xtream Codes

3/Xtream Codes/feat-list

Super IPTV

2/Super IPTV/grid-big

CCCAM

3/CCCAM/grid-small

Sports IPTV

3/Sports IPTV/grid-small

Google

Ad Code

Responsive Advertisement

Socialize

IPTV/hot-posts

Recent in Technology

ဩစတြေးလျသွား လေယာဉ်ပေါ်တွင် ခရီးသည်တစ်ယောက်ရဲ့ အသက်ကိုကယ်ခဲ့တဲ့ ပဲခူးသား ဆီးနှင့်ကျောက်ကပ် သမားတော်ကြီး Drတိုးလွင်


ဩစတြေးလျသွား လေယာဉ်ပေါ်တွင် ခရီးသည်တစ်ယောက်ရဲ့ အသက်ကိုကယ်ခဲ့တဲ့ ပဲခူးသား ဆီးနှင့်ကျောက်ကပ် သမားတော်ကြီး Drတိုးလွင်

လေယာဉ်ပေါ်မှ “ကျန်းမာရေးအန္တရာယ်” သတိပြုရန်
အမြင့်ပေ ၂၀၀၀၀ – ၃၀၀၀၀ အထက် ပျံသန်းသော လေယာဉ်များပေါ်တွင် အောက်ဆီဂျင်ဓါတ်မှာ လျော့နည်းမြဲဖြစ်သည်။ သွေးထဲရှိ အောက်ဆီဂျင် Oxygen saturation ကိုတိုင်းကြည့်ပါက ပုံမှန် ၉၈ ရှိသူသည် ၉၆ ၉၅၊ ပုံမှန် ၉၇ ရှိသူသည် ၉၅ ၉၄ သို့ ကျနေသည်ကို တွေ့ရလေ့ရှိသည်။
လေကြောင်းလိုင်း၏ အရည်အသွေးအပေါ်၊ ခရီးသည် အနည်းအများအပေါ်၊ ရိုးရိုးတန်းနှင့် Business class( လူနည်း အခန်းကျယ်) အပေါ် စသော အချက်များပေါ်လည်း မူတည်သည်။ထို့ကြောင့် အဆုပ်မကောင်းသူ ရင်ကြပ်ပန်းနာရှိသူ အတိုင်းအတာတခုထိ အရေးကြီးသော နှလုံးရောဂါရှိသူတို့သည် ဒီအချက်ကို သိရန် လိုအပ်ပေသည်။
ယခုခေတ်တွင် လက်ညှိုးတွင် အလွယ်တကူတပ်၍ သွေးတွင်း အောက်ဆီဂျင် ပါဝင်နှုံး တိုင်းနိုင်သော Oxymeter လေး ဆောင်ထားနိင်လျင်တော့ အလွန်ကောင်းပါသည်။ သို့မပာုတ်လျင် လေယဉ်ပေါ်တွင် အသက်ရှူရွှ်ျ မကောင်းပါက လေယာဉ်ပေါ်တွင် တောင်းယူ၍ တိုင်းနိုင်ပါသည်။
လိုအပ်လျင် အောက်ဆီဂျင်တောင်းရှူပါ။သူတို့မှာ portable oxygen cylinders များ ပါပါသည်။ ပြည်တွင်း လေကြောင်း လေယာဉ်များတွင် oxygen cylinders များ အောက်ဆီဂျင်ပြည့်မပြည့် စစ်ဆေးရန် လိုအပ်ပါကြောင်း တာဝန်ရှိသူများအား သတိပေး အကြံပြုအပ် ပါသည်။ (အတွေ့အကြုံအရ မေတ္တာနှင့် ပြောခြင်းဖြစ်ပါသည်)
ယနေ့ ၂၂/၁၂/၁၈ မြန်မာစံတော်ချိန် နံက် ၄ နာရီ (ဆစ်ဒနီစံတော်ချိန် နံက် ၈ နာရီခွဲ) အတွေ့အကြုံကို ပြောပြပါမည်။ စင်္ကာပူမှ ၂၂ ရက်နေ့ စင်္ကာပူ စံတော်ချိန် ၀၀:၄၅ နာရီ ထွက်လာသော လေယာဉ်ပေါ်တွင် ပါလာသော နိုင်ငံခြား ဆေးကျောင်းသူလေး တယောက်သည် ဆစ်ဒနီမြို့ လေဆိပ်ရောက်ရန် ၃နာရီ ၃၀မိနစ်ခန့် အလိုတွင် နှလုံးတုန်ခါမှု ပြင်းထန်ခြင်း အသက်မရှူနိင်ခြင်းဖြစ်ကာ ဝေဒနာပြင်းထန်စွာ ခံစားနေရသည်။ Chief crew မှ PA system မှ အကူအညီတောင်းသဖြင့် သွားရောက် ကြည့်ပေးရသည်၊ ယခင်က သူမသည် ပန်းနာရင်ကြပ် ရောဂါရှိသည် Paroxysmal Atrial Fibrillation ခေါ် နှလုံး ပုံမမှန် အမြန်ခုန်ခြင်းလည်းရှိသည်၊ စတီးရွိုက် steroids ဆေးများလည်း သောက်နေရလေ့ရှိသည်။ အမေဖြစ်သူကသူမမှာ Sensitive မတည့်သော အစာများလည်း ရှိသည်ဆိုသည်။
ယနေ့လည်း လေယာဉ် စတက်ပြီး ၂နာရီခန့်အကြာတွင် စ၍ ကြပ်သည်ဆိုသည်၊၊ သူမက ဆေးကျောင်းသူဖြစ်သည့် အလျောက် ဖြစ်ကာစတွင် သူ့ဖါသာကုသည်။ Ventolin 2 puffs မသက်သာတော့ 3 puffs ထို့နောက် 4 puffs။ နောက် အဆုပ်ထဲက အသံများ ပျောက်သွားသည်။ ပြီးတော့ ရင်ထဲ နေ၍ မရတော့ လည်ပင်းတွင် အရမ်းတုန်ခါနေသည်ပာု ပြောသည်။ တုန်လှုပ် ခြောက်ခြားလျက် ရှိသည်။ လက်ဖျားများ အေးလျက်ရှိသည်၊ သို့သော် အရောင်ကောင်းသည်။
လေယာဉ် အရေးပေါ်ပစ္စည်းများထဲမှ နားကြပ်နှင့် oxymeter ရသည်၊ Oxygen ရှူနေပြီးဖြစ်သဖြင့် saturation ကောင်း၏ ၊ အဆုပ်ကလည်း အတိုင်းအတာ တခုထိ ရှင်း၏၊ နှလုံးခုန်နှုးံက ၁၂၆- ၁၃၀ ကြားရှိ၏။ ကြည့်နေရင်းနှင့် ၁၃၆ ဖြစ်လာ၏ Emergency kit တွင် ဆေးများပြား စုံလင်စွာ မပါသော်လည်း ကံကောင်းချင်တော့ Lanoxin tablet ပါလာ၏။ Metoprolol, Cordarone စသည်တို့ မရှိ။ ထို့ကြောင့် Lanoxin 0.5mg oral တိုက်လိုက်၏၊ ၁၄၀ ကျော်ဆိုလျင်တော့ Injection ပေးရန် ရည်ရွယ်သေး၏၊ Chief crew က ဆစ်ဒနီလေဆိပ်သို့ ရောက်ရန် ၂နာရီခွဲလိုသေးကြောင်း ပြောပါသည်။ လမ်းမှာ ဆင်းရမလားပာု သွယ်ဝိုက်မေးတာလည်း ဖြစ်နိုင်ပါသည်။ Lanoxin ဝင်ပြီးလျင် အာနိသင် တိုးတက် ကောင်းမွန်မည်ပာု ယုံကြည်သဖြင့် စောင့်ကြည့်မည်ပာု ပြောပြီး အနီးကပ် စောင့်ကြည့်နေပါသည်။ လိုလျင် strategy ပြောင်းမည်ပာု စဉ်းစားဆုံးဖြတ်ထား၏။
ဆေး absorption နှင့် action မရခင် ၁၅၀ တချက်ကျော်သွား ၁၆၀ ရောက်ပြီးနောက် ဆေးအာနိသင်ရသောအခါ ( မိနစ်၃၀ ခန့်တွင်) ၁၃၀ သို့ ကျ၏၊ ထို့နောက် ၁၂၀ – ၁၁၀ ဆက်ကျ၏။ အခြေအနေ ကောင်းမွန်လာကာ ဆစ်ဒနီလေဆိပ်သို့ ရောက်သောအခါ ၁၀၂ ဖြစ်၏။ (ဒီ knowledge ရစေသော မြင်ဆရာများ အားလုံးကို ကျေးဇူးတင်ပါသည်)။
ကလေးမလေးလည်း ပြုံးနိုင်ပြီး လက်ဆွဲနှုတ်ဆက်၏။ Thank you ပာုလည်း ကြိုးစား၍ ၂ခါပြော၏။
လေဆိပ်ရောက်သောအခါ ခရီးသည်များ ဆင်းခွင့်မရသေးဘဲ လေဆိပ်မှ Quarantine Medical Team က တက်လာသည်။ Chief crew က မိတ်ဆက်ပေးသည်။
သူတို့က လူနာအား ဖျားသေးလား အစရှိသည်ဖြင့် Infection clues တွေ မေးသည်၊ “It’s related to Asthma, Ventolin and heart issue. Not related to infection at all“လို့ ပြောပေးသည်။ သူတို့ လူနာကိုပင် မစမ်းတော့ဘဲ Thank you ပြောကာ ပြန်သွားကြသည်။
မောနေသော ဆေးကျောင်းသူ လူနာမလေး စိတ်သက်သာရာ ရသွားသည်။ သူမအား လေကြောင်းလိုင်း အစီအစဉ်ဖြင့် ဆေးရုံတွင် ၂၄ နာရီထားရန်နှင့် Observation and further treatment အတွက် လိုအပ်သော information များ ရေးပေးခဲ့ပါသည်။
Chief Crew မှ မိမိ၏ Visiting Card တောင်းသည်။ ကျေးဇူးများစွာ တင်ကြောင်း ပြောကြသည်။ Present နှင့် Krisflyer Prestige များ ပေးသည်။
တိုက်ဆိုင်သည်လား မသိ။ ကျွန်တော်သည် ညစဉ် အာစိဏ္ဏကံ မြောက်အောင် လုပ်လေ့ရှိသော တရားမှတ်ခြင်း မေတ္တာသုတ်နှင့် ဗောဇ္ဈဉ် သုတ်ရွတ်ခြင်းတို့ကို Changi လေဆိပ် boarding မလုပ်ခင် အချိန်ပိုတွင် ရွတ်ခဲ့ပြီး လေယာဉ်စတက်ချိန်တွင် ပဌာန်းနိဒ္ဒေသ ကိုလည်း ရွတ်သည်။ ပြီးမှ အစာစားပြီး အိပ်ပျော်သွားသည်။ နိုးလာသော် လူနာကြည့်ရသည်။ အသက်တချောင်း ကယ်ဖြစ်သွားသည်ပာုလည်း ပြော၍ရမည် ထင်ပါသည်။
လောကကြီးသည် ကျေနပ်ဖွယ်ကောင်းပေစွ။
လေယာဉ်ဖြင့်ခရီးသွားစဉ်ကျန်းမာရေးအန္တရာယ်ကင်းရှင်းကြပါစေ…
ချစ်ခင်စွာဖြင့်
Credit-medialann.com

Australia to save the life of a passenger on the plane Bago urine and kidney physicians Dr Toe Lwin

Be careful on the plane "unhealthy"
30,000 - 20,000 feet above the reaction of oxygen on the aircraft flying at less durable. Oxygen saturation of oxygen in the blood, those with the normal 98 96 95 Normally 97 to 95 of those 94 days we often see.
Airlines, on the quality of On a limited number of passengers Economy class and Business class (Room) depends on factors. Thus, those with lung problems Ischemic heart disease is still important in heart disease, they need to be recognized.
Nowadays, the finger can easily Rate contain oxygen in the blood. Oxymeter great if I could carry. If, nevertheless, on the plane ရွှ Bad breath can take on the plane.
If you need oxygen to breathe. They have a portable oxygen cylinders. Civil aviation aircraft oxygen cylinders needed to check the fulfillment of oxygen suggests officials warn. (My experience has been with love)
Today 22/12/18 Email နံက် 4 pm (Sydney time 8 o'clock ) experience. Singapore Time in Singapore on 22 to 00:45 hours on the plane coming out of the airport in Sydney, one of the foreign student that came in 3 hours 30 minutes to reach the heart vibration severe cold or can not breathe, suffers from severe pain. Chief crew to visit the PA system to help him, Previously, she has asthma disease Paroxysmal Atrial Fibrillation heart disorders, have a quick jump Steel Drive steroids often take drugs. The mother is not also sensitive allergic.
Today, aircraft and since then about 2 hours later, the sergeant said She said, according to medical progress and the end of his. Ventolin 2 puffs less then 3 puffs 4 puffs. I lost my voice from the lungs. And if the neck is no longer among the very vibration Clinton said. Shocked. Fingertips are cold, However, the color is good.
Aircraft emergency equipment, is one of the headset and oxymeter Oxygen to breathe better and saturation, Until now, the extent of the lungs, နှုး heartbeat is between 130 ° 126-. Own and become 136 Emergency kit of drugs are not perfectly flat, but Fortunately, Lanoxin tablet. Metoprolol, Cordarone, etc. As a result of Lanoxin 0.5mg oral, More than 140 of the intended transaction Injection Chief crew in Sydney, said officials still do not want to arrive at the airport 2 hours. Can down the road may be enlarged, indirect pair of sunglasses. Lanoxin will rapidly improve the potency prior Clinton Clinton speaking monitored by faith is being closely monitored. He decided to change strategy if comma.
Skip over 150 before the absorption and action after about 30 minutes when the length (160, 130) Then, 120 - 110. The situation came to Sydney Airport is 102. Thank you all (this knowledge).
The girl can smile of the handshake. Thank you Clinton tried to speak. 2.
Right down to the airport when passengers stays, airport pickup and Quarantine Medical Team. Chief crew is introduced.
They're still sick patients, etc. Infection clues asked "It's related to Asthma, Ventolin and heart issue. Not related to infection at all "are spoken. Deemed patients no longer springs back Thank you.
Medical patients who are not relieved. The airline plans to her hospital for 24 hours and Observation and further treatment to write the necessary information.
Chief Crew His Visiting Card. Many thanks at home. Present and Krisflyer Prestige.
The world satisfying life. 


Reactions

Post a Comment

0 Comments