![]() |
| 9.Chelsea Hotel |
Chelsea Hotel ဟာ New York မြို့မှာ ရှိပြီးတော့ သူဟာ တချိန်က အိမ်ကြီး ခရိုင်တခုဖြစ်ခဲ့ပါတယ်။နောက်ပိုင်းတော့ ဟော်တယ်ဖွင့်ခဲ့ပြီး Patti Smith, Andy Warhol, Jackson Pollock, နဲ့ Madonna တို့ပါ လာရောက်တည်းခိုခဲ့တဲ့အထိ နာမည်ကြီးလာပါတယ်။ဒါပေမယ့် ဒီထက် နာမည်ကြီးစရာဖြစ်ရပ်တွေကတော့ သရဲခြောက်တာဖြစ်ပြီး 2011 ခုနှစ်ကမှာတော့ အတော်လေးကို နာမည်ဆိုးထွက်ခဲ့ပါတယ်။ဝန်ထမ်းတွေလည်း အပြောင်းရွှေ့များလာပြီး တချို့ကလည်း ညအိပ်ကို မနေရဲအောင်ဖြစ်ခဲ့ပါတယ်။ Dylan Thomas ရဲ့ စာအုပ်ထဲမှာတော့ သေချင်စိတ်ပေါက်လာရင် Chelsea ဟော်တယ်ကို သွားလို့ ရေးခဲ့ပါတယ်။တချို့ဆို တချိန်က နာမည်ကြီးခဲ့တဲ့ Sid Vicious ရဲ့ ဝိဥာဉ်ကို တွေ့ရတယ်လို့ ပြောတာဖြစ်ပါတယ်။
![]() |
| 8.Deetjen Big Sur |
Deetjen Big Sur စားတော်ဆက်နဲ့ တည်းခိုရိပ်သာရဲ့ ဒီဇိုင်းကို ဆွဲသူကတော့ Ellen Brill ဖြစ်ပြီး သူဟာ သူ့အဖိုးရဲ့ အရှိန်အဝါနဲ့ ကြီးကျယ်ခမ်းနာမှုကို ပြသလိုတဲ့အတွက် “Grandpa Deetjen.” လို့ ဟော်တယ်နာမည်ကို ကင်ပွန်းတပ်ခဲ့ပါတယ်။သူ့အဖိုးကလည်း ဒါကို စွဲလန်းသဘောကျခဲ့တာဖြစ်ပါတယ်။နောက်ပိုင်း သူ့အဖိုးသေပြီးတော့ ဒီတည်းခိုရိပ်သာကြီးက သရဲအရမ်းခြောက်ပြီး လပြည့်ညနဲ့ အောက်တိုဘာလဆို ပိတ်ရတဲ့ အထိဖြစ်လာပါတယ်။
![]() |
| 7.Emily Morgan Hotel |
Emily Morgan Hotel ဟာ San Antonio မှာ ရှိပြီးတော့ 1924 ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဟော်တည်မှာ ဆေးပစ္စည်းအစုံအလင်လဲ ရှိသလို အထပ် 12 ထပ်မြောက်မှာ ဆေးကုသဆောင်ပါရှိပါတယ်။ဒါပေမယ့် ဒီအဆောင်ထဲမှာ အဝတ်ဖြူဝတ်ထားတဲ့ အမျိုးသမီးက လှည့်လည့်သွားလာနေပြီး ညဆို အရမ်းကို ဖြောက်တာဖြစ်ပါတယ်။ထူးဆန်းတဲ့ ဖုန်းတွေလည်း ဝင်ခဲ့ပြီး တံခါးခေါက်တာ နဲ့ ပစ္စည်းရွှေ့တာတွေပါလုပ်တတ်ပါတယ်။
![]() |
| 6.The Marshall House |
The Marshall House ဆိုတာ Savannah မြို့ Georgia မှာရှိတာဖြစ်ပြီး အမေရိကန် ပြည်တွင်းစစ်ဖြစ်ချိန်က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ပိုင်ရှင်ျနှစ်ဦးပြောင်းခဲ့ပြီး ပထမပိုင်ရှင်က ဆောက်ပြီးချိန်မနှာသေခဲ့တာဖြစ်ပါတယ်။သူသေတော့ ဟော်တည်ကိုေ၇ာင်းစားခဲ့ပြီး ဒီဟော်တယ်ဟာ ညဆို ပိုင်ရှင်ဟောင်းရဲ့ ခြောက်လှန့်မှုကို ခံရပါတယ်။
![]() |
| 5.Battery Carriage House |
Battery Carriage House ဟာ Charleston မှာရှိပြီး South Carolina မှာ တည်ရှိတာဖြစ်ပါတယ်။ဒီဟော်တယ်မှာတော့ အခန်းနံပါတ် 8 နဲ့ 10 ကို လူတေါကို ပေးမငှားပဲ ပိတ်ထားပါတယ်။ဒီအခန်းတေါကို ဝင်ရင် သရဲအလွန်ခြောက်ပြီး ညဆို ဝုန်းဒိုင်းကျဲနေတာဖြစ်ပါတယ်။လူတစ်ယောက်သာ ဒီအခန်းတွေထဲက ကုတင်ပေါ်သွားအိပ်ရင် ဆွဲချတာနဲ့ ပစ္စည်းတွေနဲ့ ပေါက်တာမျိုးအထိ ကြုံရပါတယ်။
![]() |
| 4.The Place d’Armes Hotel |
The Place d’Armes Hotel ဟာ New Orleans မှာ တည်ရှိပြီးတော့ ဟော်တယ်ဆောက်ထားတဲ့ မြေနေရာဟာ 1788 ခုနှစ်ကတော့ ကျောင်းကြီး မီးလောင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ဒါကြီးကို ဖြိုဖျက်ပြီး ဆောက်ခဲ့တာဖြစ်တဲ့ ဟော်တယ်ကြီးမှာ ကလေးတွေရဲ့ ဝိဥာဉ်နဲ့ ကျောင်းစောင့်ကြီးရဲ့ ဝိဥာဉ်တို့ ကျန်ခဲ့ပါတယ်။လျှောက်လမ်းတွေမှာ တခါတလေ ကလေးတေါ ပြေးနေတာမျိုးတွေ့ရတတ်ပြီး အမျိုးသမီးတစ်ဦးကတော့ ကြောက်မက်ဖွယ် လူကြီးတစ်ဦးကို တွေ့ခဲ့ရတယ်လို့ ပြောငပါတယ်။နောက်ပိုင်းတော့ သရဲအရမ်းခြောက်မှန်းသိခဲ့ရတာဖြစ်ပါတယ်။
![]() |
| 3. The Langham |
The Langham ဆိုတဲ့ ဟော်တယ်ဟာ London မှာတည်ရှိပြီးတော့ အခန်းနံပါတ် 333 ကို ပိတ်ထားရတဲ့နေရာဖြစ်ပါတယ်။ဒီနေရာမှာ ရှေးဟောင်း ဂျာမာန်နွယ်ဖွား အမျိုးသမီးကြီးက ခြောက်တာဖြစ်ပြီး သူဟာ တချိန်က ဂျာမာန်မင်းသမီးတစ်ဦးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ဒီအခန်းထဲ ဘယ်သူမှ တရက်အပြင် ပိုမနေရဲလောက်တဲ့အထိ ခြောက်ခြားဖွယ်ခြောက်ခဲ့တာဖြစ်ပါတယ်။
![]() |
| 2. The Hollywood Roosevelt |
The Hollywood Roosevelt ဆိုတဲ့ ဟော်တယ်ကြီးဟာ အမေရိကန်မှာ ရှိတာဖြစ်ပြီး တချိန်က နာမည်ကြီး ဟော်တယ်ကြီးဖြစ်ပါတယ်။ဒီထဲမှာတော့ သမ္မတကြီး ရုစဗဲ့ရဲ့ ဝိဥာဉ်ရှိတယ်လို့ ပြောကြပြီး ဝှီးချဲသံတွေ ဖြတ်ပြေးတာတွေနဲ့ ရှေးဟောင်းကုတ်အကျီင်္ကြီး တကားကားနဲ့ လျှောက်သွားနေတဲ့ သရဲကို တွေ့ရတာဖြစ်ပါတယ်။နောက်ပိုင်းတော့ ဒီသတင်းက ပိုနာမည်ကြီးလာပြီး ဆိုးရွားစွာ ခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
![]() |
| 1. The Pfister Hotel |
The Pfister Hotel ဟာ Milwaukee မှာ တည်ရှိတာဖြစ်ပြီး ဒီနေရာကတော့ အဆိုးဆုံးဖြစ်ပါတယ်။တချိန်က ဘေ့ဘောကွင်း ပြိုခဲ့တဲ့ နေရာမှာ ပြန်လည်ဆောက်တာဖြစ်ပြီး ဒီထဲမှာ ခြောက်တဲ့ သရဲက 10 ကောင် ကျော်တယ်လို့ သိရပါတယ်။အခန်းတေါရဲ့ အိပ်ရာတွေေ၇ွှ့တာနဲ့ မှန်တွေ ရိုက်ခွဲတာမျိုးရှိပြီး တခါတလေ ရေဒီယိုကြီးတွေ ထပွင့်ကုန်တာဖြစ်ပါတယ်။









0 Comments