Xtream Codes

3/Xtream Codes/feat-list

Super IPTV

2/Super IPTV/grid-big

CCCAM

3/CCCAM/grid-small

Sports IPTV

3/Sports IPTV/grid-small

Google

Ad Code

Responsive Advertisement

Socialize

IPTV/hot-posts

Recent in Technology

Facebook Ads Manager ဆိုတာ

Facebook Ads Manager ဆိုတာ Facebook, Instagram တို့မှာ Run ထားတဲ့ မိမိတို့ Ad (ကြေငြာ) တွေရဲ့ Performance တွေ အခြေအနေ တွေ ကို တိုက်ရိုက် ကြည့်ရှု့နိုင်တဲ့ နေရာတစ်ခုပါ။ အသေးစိတ်ပြောရမယ်ဆိုရင်…
  • မိမိ Run ထားတဲ့ ad တွေ၊ Campaigns တွေ၊ Ad Sets တွေ မြင်ရမယ်
  • အဲဒီ ဟာတွေကိုလဲ အဆင်မပြေလို့ ရပ်ချင်တာတို့ ၊ ပြန်စ ချင်တာတို့ လုပ်လို့ရမယ်
  • မိမိထည့်ထားတဲ့ Budgets ငွေတွေ ဒါမှမဟုတ် bids amount တွေ ချိန်းလို့ရတယ်
  • မိမိ ဘယ်လမှာ ဘယ်လောက်ကျလဲ ဘယ်တုန်းက Facebook က ငွေတွေ ဖြတ်သွားလဲ အဲဒါတွေ ကြည့်ရှု့လို့ရမယ်
  • ကိုယ့် ကြေငြာတွေရဲ့ Reports တွေ ထုတ်လို့ရမယ် Access  လုပ်ခွင့်ရမယ်ပေါ့

Ad Account အကြောင်း

Ads Manager မစ ခင်မှာ Ad account တစ်ခု လိုအပ်ပါတယ် တစ်ချို့ agency တွေမှာ Account တွေ ကို Staff တွေနဲ့ Level လိုက် Permission တွေ ခွဲထားပါတယ်။ ဒါမှ ဘယ် position က ad ရဲ့ ဘယ်နေရာကို ကြည့်လို့ ရမယ် ၊ ဘယ်သူကတော့ ဘာတွေ Management လုပ်လို့ရလဲ စတာတွေ ပြုလုပ်ထားရပါတယ်။ အဲတော့ မိမိ ကိုယ်တိုင် ads manager ကို ခုမှ စသွားတယ်ဆိုရင်တော့ Ad Account Create လုပ်ရတက်ပါတယ် မဟုတ်လဲ တစ်ခါတည်း တန်းရောက်သွားပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ်က Admin တစ်ယောက်ပါ ။ အဲလို မဟုတ်ပဲ ကိုယ်က Agency တစ်ခုက ဆိုရင် မိမိ အောက်က Account Executive တို့ ဘာတို့ကို level ခွဲပေးဖို့ လိုပါလိမ့်မယ်။ ဒါမှ မိမိ ကိုင်နေတဲ့ Client တွေရဲ့ Ad အကောင့်တွေဟာလဲ လုံခြုံမှု့ ရှိမှာ ဖြစ်ပါတယ်။ ခုလက်ရှိ တစ်ချို့သော Company တွေမှာ Account Manager , Account Executive တွေ ခေါ်ပါတယ် အဲလိုခေါ်ရင် LCCI ပြီးပြီးသားတွေ လာလာလျှောက်တက်တယ် ။ မှားလည်းမှားစရာပါ ။
ဒါပေမဲ့ ကွဲပြားဖို့က JD ဖတ်ပြီး Accountant လား Account လား Account  ရဲ့ JD တွေက ဘာလဲ သိပြီ ဆိုမှ မှန်ကန်မှ လျှောက်စေချင်ပါတယ်။ (ဒါက ဗဟုသုတ ပြောတာပါ) ကဲ အောက်က ဇယားလေးက right ပေးတော့မယ်ဆို ဘယ်သူ့ကို ဘာပေးသင့်လဲ ကွဲကွဲပြားပြားသိမှာပါ။ Admin ကတော့ အကုန် access ရတာပေါ့ ။ခုဆိုရင် Ads Manager ဆိုတာ ဘာလဲ ဆိုတာ သိသလို  Ad Account တစ်ခုရဲ့ Role တွေ ဘာတွေ လုပ်လို့ရပီ ဆိုတာ သိပြီ လို့ ယူဆလိုက်ပါတယ်။ နောက် article တစ်ခုမှာတော့ Ad (ကြေငြာ) တွေ ဘယ်လို create လုပ်မလဲ ၊ ရည်ရွယ်ချက်တွေ ဘယ်လို ဆိုတာ ပြောပြပေးပါမယ်။
Reactions

Post a Comment

0 Comments